အိုင်ဗန် တိုနေး ကတော့ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားပြီး အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးပါဘူး။ ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း တိုနေးဟာ လာမယ့် ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ နေရာတစ်နေရာ ရဖို့ ပစ်မှတ်ထားနေတာပါ။
တိုနေးဟာ အဲလ်အာလီ အတွက် ၂၀ ဂိုး သွင်းယူထားပြီး လက်ရှိ ရာသီ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဒါဟာ အဲလ်နာဆာက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုးထက် ၂ ဂိုး ပိုများနေတာ ဖြစ်သလို၊ သူ့ရဲ့ သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်စွမ်း ၃၃.၉ ရာခိုင်နှုန်း ဟာလည်း အခုရာသီ ၅ ဂိုးထက်မက သွင်းထားတဲ့ ကစားသမားတွေ ထဲမှာ ဒုတိယ အကောင်းဆုံး ဖြစ်နေပါတယ်။
တိုနေးဟာ ယူရို ၂၀၂၄ အင်္ဂလန် အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ကိုတော့ လွဲချော်ခဲ့သူပါ။ လာမယ့် လမှာ အသက် ၃၀ ပြည့်တော့မယ့် တိုနေးဟာ အခုအခါ ပရီးမီးယားလိဂ်မှာ မကစားတော့ပေမယ့် ဇွန်လမှာ မြောက်အမေရိကကို သွားမယ့် နည်းပြ သောမတ်စ် တူချယ်ရဲ့ လူစာရင်းထဲမှာ ပါဝင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ တိုနေးက Sky Sports ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ကမ္ဘာ့ဖလားမှာ တစ်ခါမှ မကစားဖူးသေးဘူး။ ဒါဟာ အိပ်မက် တစ်ခုပါပဲ။ လူတိုင်း ဒါကို အိပ်မက်မက်ကြပါတယ်။ တကယ်လို့ ကျွန်တော် တို့သာ ဗိုလ်စွဲခဲ့ရင် နိုင်ငံ အတွက် တကယ့်ကို ကြီးကျယ်တဲ့ အရာ ဖြစ်လာမှာပါ။ ဖြစ်လာနိုင်တဲ့ အကောင်းဆုံး ပုံရိပ်တွေကို စိတ်ကူးထဲမှာ မြင်ယောင်နေမိတယ်။ ဒါတွေ တကယ် ဖြစ်လာရင်တော့ တကယ့်ကို ကောင်းချီး တစ်ရပ်ပါပဲ။” လို့ တိုနေးက ဆိုပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော့်ရဲ့ အလုပ်က ဂိုးတွေ ဆက်သွင်းနေဖို့ ဖြစ်ပါတယ်။ အဲဒါမှလည်း လူစာရင်းထဲ ပါဖို့ အခွင့်အရေး အကောင်းဆုံး ရနိုင်မှာပါ။ ဒါဟာ ကျွန်တော့် အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်အရာက နိုင်ငံ အတွက် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို နည်းပြက ရွေးချယ်ပါလိမ့်မယ်။ ကျွန်တော် တို့က အဲဒါကို လေးစားရမှာပါ။ ကျွန်တော် အရင်ကထက် ပိုပြီး ကြံ့ခိုင်မှု ရှိလာသလို ကိန်းဂဏန်း အချက်အလက်တွေ ကလည်း သက်သေပြနေပါတယ်။ ကျွန်တော် အပျော်အပါး သက်သက်ပဲ လာနေတာ မဟုတ်ဘူး၊ ပိုကြိုးစားနေတယ် ဆိုတာ ကျွန်တော့်ရဲ့ ခြေစွမ်းတွေက သက်သပြနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
တိုနေးဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အင်္ဂလန် အသင်း အတွက် နောက်ဆုံး ကစားပေးခဲ့တာ ဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့တုန်း ကလည်း အင်္ဂလန်ကို ပြန်လာဖို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဆော်ဒီပရိုလိဂ်မှာ အောင်မြင်နေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာဖို့လည်း တံခါးဖွင့်ထားဆဲ ဖြစ်ပါတယ်။
တိုနေးက “ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ မပြောပါဘူး။ ဒါပေမယ့် ဒီမှာ အရင်ဆုံး အကောင်အထည်ဖော်ချင်တဲ့ ပန်းတိုင်တွေ ရှိနေပါသေးတယ်။ ကလပ် အသင်းက ကျွန်တော့်ကို ကာလရှည် စာချုပ်ချုပ်ထားတာ ဖြစ်လို့ သူတို့ကို ကျေးဇူးဆပ်ချင်ပြီး ဆုဖလားတွေ ရယူပေးချင်ပါတယ်။ ဘောလုံးလောကမှာ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ လောလောဆယ်တော့ ကျွန်တော် ဒီမှာ အခြေကျနေပြီး ပျော်လည်း ပျော်ပါတယ်။ ဘာကြောင့် အရင်နေရာကို ပြန်သွားရမလဲ ဆိုတဲ့ အကြောင်းပြချက် မရှိသေးပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


