ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကွင်းလယ် ကြယ်ပွင့် ဆန်ဒရို တိုနာလီ ကတော့ လာမယ့် နွေရာသီမှာ အသင်း ပြောင်းရွှေ့ဖွယ် ရှိနေသူ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း သူ့ရဲ့ အေးဂျင့် ဖြစ်တဲ့ ဂူဆက်ပီ ရီဆိုရဲ့ မှတ်ချက်ပေး ပြောစကားတွေကြောင့် အီတလီသားရဲ့ နယူးကာဆယ်နဲ့ အနာဂတ်က ပိုပြီး မသေမချာ ဖြစ်လာပါတယ်။
ရီဆိုက “နယူးကာဆယ်က ဆန်ဒရိုကို လက်လွှတ်ဖို့ ခက်ခဲနေသလို၊ ဆန်ဒရို ကိုယ်တိုင် ကလည်း အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ဦးဆောင်ပေးချင်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေ ကိုတော့ ရာသီကုန်မှပဲ ဆုံးဖြတ်သွားမှာပါ။” လို့ ဆိုထားပါတယ်။ လက်ရှိမှာ နယူးကာဆယ်က လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ တိုနာလီကို ခေါ်ယူဖို့ ထိပ်သီး ကလပ်တွေက စောင့်ကြည့်နေကြပါတယ်။
ဒါကြောင့် တိုနာလီ ပြောင်းရွှေ့နိုင်ခြေ ရှိတဲ့ အသင်း ၅ သင်းကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။
၅။ မန်ချက်စတာ ယူနိုက်တက်
ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကစားသမားတွေ အပူတပြင်း ရှာဖွေနေပါတယ်။ အထူးသဖြင့် ဝါရင့် ကွင်းလယ်လူ ကက်စမဲရိုး ထွက်ခွာတော့မယ့် အခြေအနေမှာ တိုနာလီလို ရုန်းအားရော၊ နည်းစနစ်ပိုင်းပါ ကောင်းမွန်တဲ့ ကစားသမားမျိုးက အိုးထရက်ဖို့ဒ် အတွက် အသင့်တော်ဆုံး ဖြစ်နေပါတယ်။ ယူနိုက်တက်ရဲ့ ရေရှည် စီမံကိန်းက မရေရာသေးပေမယ့် တိုနာလီလို အရည်အချင်း ရှိတဲ့ ကစားသမားကို ဘယ်နည်းပြမဆို နှစ်သက်မှာ အသေအချာပါပဲ။
၄။ ဂျူဗင်တပ်စ်

တိုနာလီ အနေနဲ့ သူ့ရဲ့မိခင်မြေ အီတလီကို ပြန်ချင်တဲ့ ဆန္ဒ ရှိနေပါတယ်။ လက်ရှိ ဂျူဗင်တပ်စ် နည်းပြ လူစီယာနို စပယ်လက်တီဟာ အီတလီ လက်ရွေးစင် အသင်းမှာ တိုနာလီနဲ့ လက်တွဲခဲ့ဖူးသူ ဖြစ်ပြီး သူ့ကို “ ထူးချွန် ပြောင်မြောက်သူ” လို့ ချီးကျူးခဲ့ဖူးပါတယ်။ အဓိက အဟန့်အတား ကတော့ ငွေကြေးကိစ္စ ဖြစ်ပြီး အီတလီ ကလပ်တွေ အနေနဲ့ အင်္ဂလန်နဲ့ စပိန် ကလပ်တွေရဲ့ ငွေကြေး အင်အား တောင့်တင်းမှုကို ယှဉ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
၃။ ရီးရဲလ်မက်ဒရစ်
တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ရဲ့ နေရာကို အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်တို့ ကစားသမား ရှာဖွေနေတာ ကြာပါပြီ။ ဒီရာသီမှာ ဗယ်လ်လ်ဗာဒီရဲ့ ခြေစွမ်းပိုင်း ကျဆင်းနေမှု ကလည်း မက်ဒရစ် ကွင်းလယ် အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ တိုနာလီဟာ ခံစစ်အဖျက်ပိုင်းမှာတင် မကဘဲ ဘောလုံး ပေးပို့မှုနဲ့ ကစားကွက် ပုံဖော်ရာ မှာလည်း ကျွမ်းကျင်သူ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ် လိုအပ်ချက်ကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်မယ့်သူပါ။
၂။ မန်ချက်စတာစီးတီး
၂၀၂၄-၂၅ ရာသီမှာ မန်စီးတီးတို့ ရုန်းကန်ခဲ့ရတာဟာ ရိုဒရီ မရှိလို့ ဆိုတာ အားလုံး အသိပါ။ လောလောဆယ်မှာ ရိုဒရီ ပြန်လာနိုင်ပြီ ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နီကို ဂွန်ဇာလက်စ်နဲ့ ရိုင်ဒါးစ်တို့ ရှိနေပေမယ့် တိုနာလီလိုမျိုး ခံစစ်ရော တိုက်စစ်ပါ ဟန်ချက်ညီညီ ကစားနိုင်သူမျိုးကို ဂွါဒီယိုလာက အလိုရှိနေနိုင်ပါတယ်။ မန်စီးတီး အတွက်တော့ ငွေကြေးက အတားအဆီး မဟုတ်ပါဘူး။
၁။ အာဆင်နယ်
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကတည်းက တိုနာလီက ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ သတင်းတွေ ထွက်နေတာပါ။ အာဆင်နယ်မှာ မာတင် ဇူဘီမန်ဒီလို ကစားသမားကောင်း ရှိနေပေမဲ့ အာတေးတား အနေနဲ့ ရေရှည် အောင်မြင်မှု အတွက် ကမ္ဘာ့အဆင့် ကွင်းလယ်လူတွေကို စုဆောင်းလိုနေပါတယ်။ တိုနာလီဟာ ဇူဘီမန်ဒီရဲ့ နေရာမှာရော၊ ဒီကလန် ရိုက်စ်ရဲ့ နေရာမှာပါ အစားထိုး ကစားနိုင်တဲ့ ဘက်စုံသုံး ကစားသမား ဖြစ်တာကြောင့် အာဆင်နယ် အတွက် အကောင်းဆုံး ပစ်မှတ် ဖြစ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


