နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယောကရက်စ် ဂိုးပေါက် ပြန်တွေ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ စနေ့နေ့ည နောက်အကျဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်က အဲဗာတန်ကို ဟေးလ်ဒစ်ကင်ဆန်ကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ နိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ဆင်းပေးထားရတဲ့ အာဆင်နယ် အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် အားရစရာ ကောင်းတဲ့ ခြေစွမ်းမျိုးတော့ မမြင်ခဲ့ရပါဘူး။

အဲဗာတန် အိမ်ကွင်းမှာ ကစားရတိုင်း ရုန်းကန်ရတတ်တဲ့ အာဆင်နယ်က ဒီနေ့ပွဲမှာ ဗစ်တာ ယောကရက်စ်၊ ဆာကာ၊ ထရော့ဆက်ဒ်တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ရိုက်စ်၊ ဇူဘီမန်ဒီ၊ အိုဒီဂတ် ကွင်းလယ် အတွဲအဖက်၊ ဟင်ကပ်ပီယေ၊ ဆလီဘာ၊ တင်ဘာ၊ ကာလာဖိအိုရီ၊ ရာယာ တို့ရဲ့ ခံစစ်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန် ဘက်မှာလည်း တာကောစကီး၊ ကိန်း၊ ဂါနာ၊ အဲလ်ကာရက်ဇ်၊ ဂရီးလစ်ရှ်၊ ဘယ်ရီ တို့နဲ့ လူစုံခဲ့ပါတယ်။

အာဆင်နယ်က ဒီပွဲမှာ ယောကရက်စ်ရဲ့ ပွဲချိန် ၂၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်း မှာတော့ ပြိုင်ဘက်ကို တဖက်သတ် လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ အဲဗာတန်က မိုရက်စ် လက်အောက် ခြေစွမ်း အတက်အကျတွေ ရှိနေပေမယ့် ယူနိုက်တက်၊ ဘုန်းမောက်၊ ဖောရက်စ် တို့လို အသင်းတွေကို အနိုင်ယူထားတဲ့ အသင်း ဖြစ်ပြီး ယခုတစ်ခေါက် အာဆင်နယ် ကိုလည်း အိမ်ကွင်းမှာ ကောင်းကောင်း ဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်က လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဒီပွဲမတိုင်ခင် ကြားရက်မှာတော့ ပဲလေ့စ်နဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ကစားရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

တစ်ဖက် မှာလည်း အာဆင်နယ် ဂိုးသမား ဒါးဗစ် ရာယာ ကလည်း ဒီပွဲမှာ ပြိုင်ဘက်ရဲ့ ကန်သွင်းချက်တွေကို အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ သုံးမှတ် အပြည့် ရယူကာ အမှတ်ပေးဇယားကို ၂ မှတ် ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်ချက် ၁၃ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ကတော့ ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ အဲဗာတန် ကတော့ အာဆင်နယ် ဘက်ကို ဂိုးပေါက် ကန်ချက် ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကတော့ ၁ ကြိမ်သာ ရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ် ကွင်းလယ်က ရိုက်စ် အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အများဆုံး ၁၀ ကြိမ် ရှိခဲ့ပြီး ထိချက် အများဆုံး ၁၁၄ ကြိမ်နဲ့ တိကျတဲ့ ပေးပို့မှု ၈၇ ကြိမ် ရှိခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာ ပြင်းထန်တဲ့ အားပြိုင်ပွဲ ဖြစ်ခဲ့ပြီး အဲဗာတန် ဘက်က ဂျိမ်းစ် ဂါနာ တို့လည်း ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ယောကရက်စ်ရဲ့ ပင်နယ်တီက ဒီပွဲရဲ့ ရလဒ်ကို ပြောင်းလဲခဲ့ပြီး ဆွီဒင်သားရဲ့ ပင်နယ်တီ ကန်သွင်းမှု ကလည်း ပြီးပြည့်စုံနေဆဲ ဖြစ်ပါတယ်။ ယောကရက်စ်က စပို့တင်းလစ္စဘွန်း (၂၀၂၃-၂၀၂၄) မှာ သူ့ရဲ့ ပထမဆုံးရာသီ စတင်ချိန်ကတည်းက လိဂ်ပြိုင်ပွဲတွေမှာ ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၁၉ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် (ပရီးမီးယား လီဂါမှာ ၁၇/၁၇ နဲ့ ပရီးမီးယားလိဂ်မှာ ၂/၂)။
အာဆင်နယ်က ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၂ မှတ်ဖြတ် ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီး အဲဗာတန် ကတော့ ၂ ပွဲဆက် ရှုံးပြီး အဆင့် ၁၀ နေရာမှာ ရှိနေခဲ့ပါတယ်။ အာဆင်နယ်က လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဒီပွဲမတိုင်ခင် ကြားရက်မှာတော့ ပဲလေ့စ်နဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ကစားရဖို့ ရှိနေပါတယ်။ အဲဗာတန် ကတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ ဘန်လေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်