အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဘေယန်မြူးနစ် ကွင်းလယ်လူ အလက်ဇန္တား ပက်ဗ်လိုဗစ်ကို ရိုဒရီရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ဂျာမန်သားကို ခေါ်ယူဖို့ အတွက် မန်စီးတီးတို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးနဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားရဖို့ ရှိနေပါတယ်။
အာဆင်နယ် တိုက်စစ်မှူး ဂါဘရရီရယ် ဂျေဇုစ် ကတော့ အေစီမီလန်နဲ့ အတူ သူ့ရဲ့ ကြံ့ခိုင်မှုကို ပြန်လည် တည်ဆောက်ဖို့ အခွင့်အရေး ရှိနေပါတယ်။ အာဆင်နယ်ရဲ့ တောင်းဆိုမှု အပေါ် မူတည်ပြီး အေစီမီလန်က ဘရာဇီးလ်သားကို အမြဲတမ်း သို့မဟုတ် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
တစ်ဖက် မှာလည်း အေစီမီလန်က အငှားချခံထားရတဲ့ ချဲလ်ဆီး ဗဟိုနောက်ခံလူ အက်ဆဲလ် ဒီဆာဆီ ကိုလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သား ကိုတော့ ရိုးမား ကလည်း အပြိုင်အဆိုင် ချဉ်းကပ်မှု ပြုလုပ်ဖို့ စဉ်းစားနေကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အဲလ်ဟီလာ ကွင်းလယ် ကစားသမား ရူဘင် နီးဗက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကြောင့် ရှုပ်ထွေးသွားခဲ့ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ ကစားသမားရဲ့ ဈေးနှုန်း သက်သာမှုကို အခွင့်ကောင်းယူပြီး လာမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ဘုန်းမောက် ကွင်းလယ်လူ တိုင်လာ အဒမ်စ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ အမေရိကန် လက်ရွေးစင်ကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဂါနာ လက်ရွေးစင် ကစားသမား ကတော့ လစ်ဗာပူးလ်ကို ပိုမို ပြောင်းရွှေ့ချင်နေပြီးတော့ မန်စီးတီးက ဒုတိယ ရွေးချယ်မှု ဖြစ်ကြောင်း The Guardian က ဖော်ပြပါတယ်။

ဆဲလ်တာဗီဂို နောက်ခံလူ အော်စကာ မင်ဂွဲဇား ကတော့ ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ စိတ်ဝင်စားမှုခြင်း ခံနေရပါတယ်။ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဘာစီလိုနာ လူငယ်ကစားသမားဟောင်း ကိုတော့ လစ်ဗာပူးလ် ကလည်း ခေါ်ယူချင်နေပါတယ်။
လိဒ်စ်ယူနိုက်တက် ကတော့ ဆီဗီလာ တောင်ပံကစားသမား ရူဘင် ဗားဂတ်စ်ကို ယူရို ၂၀ သန်း (ပေါင် ၁၇.၅ သန်း၊ ဒေါ်လာ ၂၃.၅ သန်း)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။ လိဒ်စ် ကတော့ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ကို အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ကျော်လွန်ကာ ဦးဆောင်နေပါတယ်။
အက်စတွန်ဗီလာနဲ့ ခရစ္စတယ်ပဲလေ့စ် တို့က တော့တင်ဟမ်ဟော့စပါး တောင်ပံကစားသမား ဘရန်နန် ဂျွန်ဆင်ရဲ့ အပြောင်းအရွှေ့ အတွက် အပြိုင်အဆိုင် ဖြစ်နေကြောင်း TEAMtalk က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


