နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်နဲ့ အပြောင်းအရွှေ့ မဖြစ်ခဲ့ခြင်း အတွက် စိတ်မပျက်တဲ့ နစ်ခ် ဝေါလ်တီမာဒါ | ဘွန်ဒက်စ်လီဂါ

‘အရာအားလုံးက အကြောင်းပြချက် တစ်ခု အတွက် ဖြစ်ပျက်ခဲ့တယ်’ ဆိုပြီးတော့ ဘေယန်မြူးနစ်နဲ့ အပြောင်းအရွှေ့ မအောင်မြင်ခဲ့တဲ့ အပေါ် နစ်ခ် ဝေါ်တီမာဒါက ဖွင့်ဟလာခဲ့ပါတယ်။ ဂျာမန်သားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူပါ။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ တိုက်စစ်မှူးရဲ့ အသင်းဟောင်း စတုဂတ်နဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။ 

ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ အဆင်မပြေဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်း (ယူရို ၇၈ သန်း) နဲ့ ခေါ်ယူသွားခဲ့ပါတယ်။ လက်ရှိ မှာတော့ ဝေါလ်တီမာဒါက ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး အပေါ် ကျေနပ် အားရနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဝေါလ်တီမာဒါက “[ဘိုင်ယန်သို့ ပြောင်းရွှေ့ခြင်း] မဖြစ်နိုင်ဘူးလို့ ကျွန်တော် သဘောပေါက်သွားတဲ့ အခါမှာ ကျွန်တော့်ကိုယ် ကျွန်တော် ပြောခဲ့ပါတယ်။ အိုကေ၊ ဒါဆိုလည်း ရှိစေတော့ပေါ့။ ဘဝမှာ အရာအားလုံးက ရည်ရွယ်ချက် ရှိပါတယ်။” လို့ Sport Bild ကို ပြောကြားခဲ့ပါတယ်။

ဂျာမန်သားက ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် အတွက် ၃၆ ပွဲသာ ကစားခဲ့ရပေမယ့် ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ လွဲချော်ခဲ့တဲ့ နစ်ခ် ဝေါလ်တီမာဒါ

ဆက်လက်ပြီး “ဒီအတွက် ပြီးပြည့်စုံတဲ့ ဥပမာကတော့ ဘေယန်ရဲ့ အပြောင်းအရွှေ့ မအောင်မြင်ခဲ့တာပါပဲ။ အခု နယူးကာဆယ်မှာ ရှိနေရတာ အရမ်းပျော်နေပါပြီ။ ဒီလို မဟုတ်ရင် အခုလို ဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်ကြောင်း ပြန်ကြည့်ရင် အဲဒီလို ဖြစ်လာလို့လည်း ဝမ်းသာပါတယ်။ အရာအားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်တယ်လို့ပဲ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ အေးဂျင့်က နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုအကြောင်း ပြောပြတဲ့အခါမှာ ကျွန်တော် စတုဂတ်မှာ ရှိနေတုန်းပါပဲ။ ဒါပေမယ့်လည်း ချက်ချင်း စိတ်ဝင်စားခဲ့ပြီး ပိုလည်း ကြားချင်ခဲ့ပါတယ်။”

“ပြီးတော့ အက်ဒီ ဟောင်းဝ်နဲ့ အရမ်းကောင်းတဲ့ စကားပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ သူက အရမ်း ကောင်းတဲ့သူပါ။ ပြီးတော့ ချက်ချင်းပဲ ကျွန်တော် ဒါကို လုပ်တော့မယ်လို့ ခံစားလိုက်ရတယ်။ နောက်ဆုံးတော့ အရာ အားလုံးက တော်တော်လေး မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့ပါတယ်။” လို့ နစ်ခ် ဝေါလ်တီမာဒါက ပြောကြားသွားခဲ့ပါတယ်။

ဝေါလ်တီမာဒါက လက်ရှိမှာ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၂၁ ပွဲ ကစားပြီး ၇ ဂိုး သွင်းယူထားပါတယ်။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘွန်ဒက်စ်လီဂါမှာ တောက်ပခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို ရောက်ကာစမှာတော့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ အက်ဒီ ဟောင်းဝ်ရဲ့ နည်းစနစ်ပိုင်းနဲ့ တဖြည်းဖြည်း အသားကျလာခဲ့ပြီး ဂိုးတွေ သွင်းယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဝေါလ်တီမာဒါက အရပ်အမောင်း ၆ ပေ ၆ လက်မ ရှိတာကြောင့် အမြင့်ဘောတွေ အားသန်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ ဂျာမန်သားက ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် အတွက် ၃၆ ပွဲသာ ကစားခဲ့ရပေမယ့် ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူ နာမည်ကြီးလာခဲ့တာ ဂျာမနီ ယူ ၁၉ အသင်းနဲ့ ဖြစ်ပြီး ၁၇ ပွဲ ကစားကာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အချိန်တိုတွင်း ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။ ဒါကြောင့်လည်း နယူးကာဆယ်က တခြားအသင်းတွေနဲ့ အပြိုင် လက်ဦးမှု ရယူကာ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အသက် ၂၃ နှစ်အရွယ် ကစားသမားက နောက်ဆုံး ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သလို တနင်္ဂနွေနေ့က ဆန်းဒါးလန်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်