နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာလို ဂူစတိုကို ချီးကျူးလိုက်တဲ့ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူး

ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူးကြီး အလန် ရှီးယား ကတော့ ချဲလ်ဆီး ကြယ်ပွင့် မာလို ဂူစတိုကို ချီးကျူးလိုက်ပါတယ်။ ဂူစတိုဟာ စနေနေ့ညက အဲဗာတန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အလန် ရှီးယားက အခုလိုပဲ အထူးတလည် ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အလန် ရှီးယားက “ချဲလ်ဆီး အတွက် သက်တောင့်သက်သာ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဗာတန်က အခွင့်အရေး တော်တော်များများ ရခဲ့ပေမယ့်လည်း ၂-၀ ဖြစ်သွားခဲ့တဲ့ အချိန်မှာ ပွဲထဲ ပြန်လာနိုင်မယ့်ပုံ လုံးဝ မပေါ်တော့ပါဘူး။ ဒီပွဲ အတွက် မာလို ဂူစတိုက အဖြေ ဖြစ်ခဲ့တယ်။ ပါးလ်မားနဲ့ ချိတ်ဆက် ကစားတယ်။ ညာတောင်ပံက ပက်ဒရို နတ်တိုနဲ့ ချိတ်ဆက်ကစားပြီး ကွင်းလယ်ထဲကို ဝင်ပြီးတော့ ရိစ် ဂျိမ်းစ်နဲ့ အတူ လိုအပ်တဲ့ အချိန်မှာ နောက်ထပ် ကွင်းလယ် ကစားသမား အပိုအဖြစ် ဖန်တီးနိုင်ခဲ့တယ်။” လို့ ပြောဆိုခဲ့ပါတယ်။

အလန်ရှီးယားရဲ့ သုံးသပ်မှုတွေကို နောက်ထပ် ဘောလုံး သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ မာဖီက ထောက်ခံခဲ့ပါတယ်။ မာဖီက “ရိုးရိုးသားသား ပြောရရင် မနေ့က ပွဲက အငြင်းပွားစရာ မရှိခဲ့ပါဘူး။ ဂူစတိုက ထင်ရှားပြီး ထူးချွန်တဲ့ ကစားသမားပါ။ ပါးလ်မားက သူ့ရဲ့ ကြံ့ခိုင်မှု ပြန်ကောင်းလာပုံ ရပြီး အဲဒီ အခြေအနေကို ရောက်ဖို့ နောက်ထပ် ပွဲတွေ ကစားရဦးမယ်လို့ ထင်ရပေမယ့်လည်း ဂိုးသွင်းတဲ့ စာရင်းမှာ ပြန်ပါလာတာကို မြင်ရတာက အရမ်းကောင်းပါတယ်။

ဂူစတို အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ ၁၄ ပွဲ ကစားကာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားပါတယ်။
ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစားကာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးခဲ့တဲ့ ဂူစတို

ချဲလ်ဆီးဟာ အဲဗာတန်ကို ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ကိုးလ် ပါးလ်မာနဲ့ မာလို ဂူစတို တို့ရဲ့ သွင်းဂိုး‌တွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ဇယားထိပ်ပိုင်းကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဂူစတိုဟာ ကိုး ပါလ်မာရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ အန်ဇို မာရက်စ်ကာက ဂူစတိုနဲ့ ရိစ် ဂျိမ်းစ် တို့ကို ခံစစ် ညာအစွန်နဲ့ ကွင်းလယ် တို့မှာ အလျဉ်းသင့်သလို နေရာချိန်း ကစားနေစေပြီး အလုပ်လည်း ဖြစ်နေတာ တွေ့ရပါတယ်။

အန်ဇို မာရက်စ်ကာက မာလို ဂူစတိုကို မနေ့ညက ပွဲမှာ inverted နောက်ခံ တောင်ပံ ကစားသမား အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပြီး ပြင်သစ် နောက်ခံလူက အစွမ်းကုန် တောက်ပြပြီးတော့ ချဲလ်ဆီးကို အဆင့် ၄ နေရာ အထိ ယာယီတက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ဂန္တဝင် အလန် ရှီးယားက ဂူစတိုက အဲဗာတန်နဲ့ ပွဲစဉ်မှာ အထူးချွန် အပြောင်မြောက်ဆုံး ချဲလ်ဆီး ကစားသမား ဖြစ်တယ်လို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဂူစတိုဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက လိုင်ယွန် ကနေ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရောက်ချင်းမှာ ဂူစတိုက ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ မှာတော့ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ ကစားကွက်နဲ့ အံဝင်လာပြီး ချဲလ်ဆီး အတွက် အကျိုးပြုနေတဲ့ ကစားသမား ဖြစ်နေပါတယ်။ ဂူစတိုဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပြီး ၂ ဂိုးသွင်း ၄ ဂိုး ဖန်တီးထားပါတယ်။ ဂူစတို အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ ၁၄ ပွဲ ကစားကာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်