နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၄၈ သင်းနဲ့ ကျင်းပတာကြောင့် ကမ္ဘာ့ဖလား အရည်အသွေးကို လျော့ကျစေမှာ မဟုတ်ဘူးလို့ ထောက်ခံလိုက်တဲ့ အာစင်ဝင်းဂါး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကတော့ လာမယ့် ၂၀၂၆ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသင်း အရေအတွက်ကို ၄၈ သင်း အထိ တိုးချဲ့လိုက်ပါတယ်။ ဒါလို အသင်း အရေအတွက်ကို တိုးချဲ့လိုက်ခြင်းက ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အရည်အသွေးကို လျော့ကျသွားစေမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုး တိုးတက်ရေး အကြီးအကဲ အဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးက ထောက်ခံ ပြောကြားလိုက်ပါတယ်။

၁၉၃၀ ခုနှစ် ကတည်းက စတင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတေ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အထိ ပြိုင်ပွဲဝင် အသင်း ၃၂ သင်း နဲ့သာ ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ ပြိုင်ပွဲဝင် အသင်း ၄၈ သင်း ပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ထားပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် မဲခွဲပွဲကို ဒီကနေ့ ည မြန်မာစံတော်ချိန် ၁၁ နာရီခွဲ၊ အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ မဲခွဲပွဲ အတွက် အင်တာဗျူး ပြုလုပ်ရာ မှာတော့ အာစင်ဝင်းဂါးက ၄၈ သင်းဟာ သင့်တော်တဲ့ အရေအတွက် ဖြစ်ကြောင်း အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးက “၄၈ သင်းဟာ သင့်တော်တဲ့ ကိန်းဂဏန်းလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါတောင် ဖီဖာ အဖွဲ့ဝင် ၂၁၁ နိုင်ငံရဲ့ ၂၅ ရာခိုင်နှုုန်း အောက်သာ ရှိနေပါသေးတယ်။ အဓိပ္ပာယ်က ၄ သင်းထဲက ၁ သင်းသာ ယှဉ်ပြိုင်ခွင့်ရတာပါ။ ၇၅ ရာခိုင်နှုန်းက ယှဉ်ပြိုင်ခွင့် မရရှိဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။” ပြောကြားခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းပေါင်း ၄၈ သင်း ပါဝင်မှာ ဖြစ်တာကြောင့် ၄ သင်းစီ ပါဝင်တဲ့ အုပ်စု ၁၂ ခု ခွဲခြား ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
၄ သင်းစီ ပါဝင်တဲ့ အုပ်စု ၁၂ ခုနဲ့ ခွဲခြား ယှဉ်ပြိုင်သွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား

အာစင်ဝင်းဂါးက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း အခုလို မေးခွန်းထုတ်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာ ကောင်းတဲ့ ပြိုင်ပွဲ ဖြစ်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့ဖူးပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းပေါင်း ၄၈ သင်း ပါဝင်မှာ ဖြစ်တာကြောင့် ၄ သင်းစီ ပါဝင်တဲ့ အုပ်စု ၁၂ ခု ခွဲခြား ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အုပ်စု ပထမ၊ ဒုတိယ ရတဲ့ အသင်းတွေနဲ့ အကောင်းဆုံး အုပ်စု ဒုတိယရတဲ့ အသင်း ၈ သင်းက ၃၂ သင်း အဆင့်ကို တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းပေါင်း ၄၂ သင်း ပေါ်ထွက်ထားပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ အာရှဇုန်က ၈ သင်း၊ ကွန်ကာကပ်ဖ်ဇုန်က ၆ သင်း၊ အာဖရိကဇုန်က ၉ သင်း၊ တောင်အမေရိကဇုန်က ၆ သင်း၊ သမုဒ္ဒရာပိုင်းဇုန်က ၁ သင်း၊ ဥရောပဇုန်က ၁၂ သင်း ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်၊ ကိပ်ဗာဒီ၊ ကူရာကာအို တို့ကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှ ပထမဦးဆုံး အကြမ် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေ ဖြစ်ပါတယ်။

လက်ကျန် ၆ နေရာထဲက ၄ နေရာ ကိုတော့ ဥရောပဇုန်က ပလေးအော့ဖ် အဆင့်မှာ အနိုင်ရတဲ့ အသင်း ၄ သင်း၊ အင်တာကွန်ဖက်ဒရေးရှင်း ပလေးအော့ဖ်မှာ အနိုင်ရတဲ့ ၂ သင်း ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်