အက်စတွန်ဗီလာ – အာဆင်နယ်
ပရီးမီးယားလိဂ် ဒီဇင်ဘာ ဘောက်ဆင်းဒေးတွေ ပွဲစဉ်တွေ ကတော့ ဆက်တိုက်ကို ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။ အခု ပွဲစဉ် ၁၅ မှာတော့ အာဆင်နယ်က အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ထုံးစံအတိုင်း အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
အက်စတွန်ဗီလာ ကတော့ လစ်ဗာပူးလ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ကတည်းက ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားပြီး တော်တော်လေးကို အရှိန်အဟုန်ကောင်းနေတာပါ။ အူနိုင်း အမ်မရီရဲ့ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိနေပါတယ်။ နောက်ပြီး အက်စတွန်ဗီလာက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ၅ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ဗီလာရဲ့ ခံစစ် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ အမှားတွေ များခဲ့ပေမယ့် အရှုံး ကနေ အနိုင်ရလဒ်ကို ပြန်ပြောင်းနိုင်ခဲ့တာ ကိုတော့ ချီးကျူးရပါလိမ့်မယ်။
အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုဆီ တည်တည်ငြိမ်ငြိမ်နဲ့ တစ်လှမ်းချင်း ပုံမှန် တက်လှမ်းနေပါတယ်။ ဒါပေမယ့် အာဆင်နယ်က နောက်ဆုံး ၂ ပွဲမှာ ပွဲပန်းနေခြင်းနဲ့ အတူ သူတို့ အသင်းရဲ့ Standard ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေက ပြိုင်ပွဲစုံ နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ဆဲ ဖြစ်ပြီး တည်ငြိမ်မှုကို ပြသထားပါတယ်။ တစ်ခု ရှိတာက အာဆင်နယ်ကို ဒဏ်ရာ ပြဿနာတွေက စတင် ထိုးနှက်လာပြီး ဒီအခြေအနေကို ကျော်ဖြတ်ပြနိုင်ဖို့တော့ လိုအပ်နေပါတယ်။ နောက်ပြီး ဒီဇင်ဘာ ပွဲကြပ် ကာလက အာဆင်နယ်ရဲ့ ချန်ပီယံ အိမ်မက် အတွက် တော်တော်လေး အရေးကြီးနေပြီး သူတို့နဲ့ တွေ့ဆုံချိန်တိုင်း ဒုက္ခပေးတတ်တဲ့ ဗီလာကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဗီလာ ဘက်က တိုင်ရုန်း မင်းဂ်နဲ့ ရော့စ် ဘာကလေ တို့ လွဲချော်ဖွယ် ရှိနေပါတယ်။
အာဆင်နယ် ဘက်မှာတော့ မော့စ်ကွဲယား၊ ဂါဘရီရယ်၊ ဆလီဘာ၊ ဟာဗက်ဇ်၊ ထရော့ဆက်ဒ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – ဘီဇော့တ်၊ ကတ်ရှ်၊ ကွန်ဆာ၊ ပါအူ၊ ဒစ်ဂ်နီး၊ ကာမာရာ၊ တေးလီမန့်စ်၊ ဘူအန်ဒီယာ၊ မက်ဂင်းန်၊ ရော်ဂျာစ်၊ ဝက်ကင်န်
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ တင်ဘာ၊ ဟင်ကပ်ပီ၊ ကာလာဖီအိုရီ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ မာရင်နို၊ ဆာကာ၊ ယိုကီးရက်စ်၊ အက်ဇေး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၂၆ ကြိမ် တွေ့ဆုံမှု မှာတော့ ဗီလာက ၇ ကြိမ်နိုင်၊ အာဆင်နယ်က ၁၇ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ၂၄ ကြိမ် တွေ့ဆုံထားပြီး ဗီလာက ၇ ကြိမ်နိုင်၊ အာဆင်နယ်က ၁၅ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ အာဆင်နယ်က ၃ ကြိမ် နိုင်ပြီး ဗီလာက ၂ ကြိမ် နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၃.၇၃ ဆ၊ အာဆင်နယ် နိုင်ရင်တော့ ၁.၉၂ ဆ၊ သရေ ဆိုရင်တော့ ၃.၂၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ် ဘက်က ခပ်ပါးပါး ကြေးကြောပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၂၅ က စဖွင့်ပါတယ်။ နှစ်သင်းစလုံး ကတော့ လက်တလောမှာ အားနည်းချက် ကိုယ်စီနဲ့ ဖြစ်ပါတယ်။ အာဆင်နယ် ခံစစ်က ဒဏ်ရာ ပြဿနာ များနေပြီးတော့ ဗီလာ ဘက်မှာလည်း မာတီနက်ဇ် မပါဝင်နိုင်ပါဘူး။ အာဆင်နယ်က ခံစစ်ပိုင်း အားနည်းနေပေမယ့် တိုက်စစ်ပိုင်း ကတော့ ထက်မြတ်ပြီး စိတ်ချနေရပါတယ်။ ဖြည်းဖြည်းမှန်မှန် တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နေတဲ့ အာဆင်နယ် ကိုပဲ ယုံကြည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၁-၂ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


