နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ ကလပ်မှာပဲ ကစားချင်နေတဲ့ ပေါ့ဘာ | ချန်ပီယံလိဂ်

လာမယ့် မတ်လမှာ မြက်ခင်းစိမ်းပေါ် ပြန်လည် ခြေချတော့မယ့် ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ ကလပ် တစ်ခုမှာ ပါဝင်ကစားသွားချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ပေါ့ဘာဟာ တားမြစ်ဆေး ပြဿနာတွေ ဖြစ်ပွားခဲ့ပြီးနောက် ဂျူဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းထားခဲ့ပြီး လက်ရှိ မှာ အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

ပေါလ် ပေါ့ဘာက မကြာခင်မှာ ဘောလုံး ပြန်လည် ကစားခွင့်ရတော့မှာ ဖြစ်လို့ စိတ်လှုပ်ရှားနေပြီး သူ့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ အသင်းမှာ ကစားချင်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်သစ်နိုင်ငံသား Twitch Streamer တစ်ဦးနဲ့ အင်တာဗျူးမှာ “ကမ်းလှမ်းမှုတွေကို စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရုရှား ဘက်ကနေ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက် ကတော့ စိတ်ဝင်စားစရာ မကောင်းပါဘူး။ ကမ်းလှမ်းချက်တွေ များစွာ ရှိခဲ့ပေမယ့်လည်း အဲ့ဒါက ကျွန်တော်ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ ကျွန်တော် တို့မှာက ပန်းတိုင် ကိုယ်စီ ရှိကြတယ်လေ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားနေရတဲ့ အသင်းက ကမ်းလှမ်းလာမယ် ဆိုရင်တော့ ဒါက ငြင်းစရာကို မရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။ တကယ်သာ ရောက်လာမယ် ဆိုရင်တော့ ဘာကြောင့်နဲ့မှ မငြင်းနိုင်ပါဘူး။ ကျွန်တော် တို့က အမြဲတမ်း အသင်းကောင်း တစ်သင်းမှာ ပါဝင်ကစားချင်ကြတာပဲလေ။ အဲ့ဒါက ကျွန်တော့် အပေါ်မှာ မမူတည်သလို တခြား အရာတွေ အများကြီး အပေါ်မှာပဲ မူတည်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

တစ်ခု ရှိတာက မာဆေးလ်က လက်ရှိ ရာသီမှာ ရလဒ်တွေ ကောင်းမွန်နေပြီး လီဂူးဝမ်း အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေလို့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
မာဆေးလ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ မာဆေးလ်

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါ့ဘာဟာ အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိခဲ့တဲ့နှစ်မှာ တားမြစ်ဆေး သုံးစွဲထားတယ် ဆိုပြီး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ၄ နှစ် ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အယူခံဝင်ရာမှာ အောင်မြင်ခဲ့တာကြောင့် ပေါ့ဘာက ၁၈ လ အထိ လျော့ပေါ့ ပြစ်ဒဏ်ကျခံရပြီး လာမယ့် မတ်လ မှာတော့ ဘောလုံး ပြန်လည် ကစားခွင့်ရရှိထားတာလည်း ဖြစ်ပါတယ်။

ပေါ့ဘာကို ခေါ်ယူချင်နေတဲ့ ဥရောပထိပ်တန်း ကလပ် များစွာ ရှိနေပေမယ့် ပြင်သစ်သားက လီဂူးဝမ်း ထိပ်သီး မာဆေးလ် နဲ့သာ သတင်း အထွက်ဆုံး ဖြစ်နေတာပါ။ ဒါပေမယ့်လည်း မာဆေးလ်က လက်ရှိရာသီမှာ ဥရောပ ပြိုင်ပွဲတွေ ကစားရခြင်း မရှိတာကြောင့် ပေါ့ဘာရဲ့ ပြောစကားအရတော့ အပြောင်းအရွှေ့ ဖြစ်နိုင်ချေက နည်းနေပါတယ်။ တစ်ခု ရှိတာက မာဆေးလ်က လက်ရှိ ရာသီမှာ ရလဒ်တွေ ကောင်းမွန်နေပြီး လီဂူးဝမ်း အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေလို့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ပေါ့ဘာ တစ်ယောက် ဒီရာသီမှာ သည်းခံ ကစားပြီး နောက်ရာသီ ချန်ပီယံလိဂ် ကန်ဖို့ မာဆေးလ်ကို ရွေးချယ်မလား ဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်