လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ရာသီအကုန်မှာ နည်းပြကြီး ကာလို အန်ဆယ်လော့တီနဲ့ လမ်းခွဲသွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရီးရဲလ်မက်ဒရစ်က သူတို့ ရည်ရွယ်ထားတဲ့ ကွင်းလယ်လူဟောင်းနဲ့ လက်ရှိ လေဗာကူဆင် နည်းပြ ဖြစ်တဲ့ ဇာဘီ အလွန်ဆိုကို အန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒီသတင်း ကိုတော့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်တာကြောင့်လည်း ယုံကြည်လို့ ရနိုင်ပါတယ်။ ဇာဘီ အလွန်ဆို ကတော့ အစောပိုင်းမှာ ကတည်းက လာလီဂါ ကလပ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေသူ ဖြစ်ပါတယ်။ အလွန်ဆို အနေနဲ့ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ လမ်းခွဲဖို့ အဆင်သင့် ရှိနေပြီလို့ သိရပြီးတော့ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာဖို့ အလားအလာ တော်တော်လေး ကောင်းနေကြောင်း စပိန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။
အသက် ၄၂ နှစ် အရွယ် အလွန်ဆိုက ပြီးခဲ့တဲ့ ရာသီမှာ လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုနဲ့ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလွန်ဆိုက လေဗာကူဆင်ကို ဂျာမန် ပိုကယ်ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် မှာလည်း ဗိုလ်လုပွဲ အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အလွန်ဆိုကို ထိပ်တန်း ကလပ် အသင်းပေါင်း များစွာက စိတ်ဝင်စားနေခဲ့ကြပြီးတော့ ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူချင်နေတာပါ။
အလွန်ဆိုကို သူ့ရဲ့ ကစားသမားဘဝ အသင်းဟောင်းတွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ရီးယဲလ်မက်ဒရစ် အပြင် ဘေယန်မြူးနစ် ကလည်း နည်းပြ အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့သေးကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန်သားက လေဗာကူဆင် မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ လက်တလော မှာတော့ အလွန်ဆိုက လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း မပြည့်ခင်မှာပဲ လမ်းခွဲဖို့ စီစဉ်နေကြောင်း သတင်းတွေမှာ ဖော်ပြလာခဲ့ပြီး ဒီလို သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေချိန်မှာ အလွန်ဆိုကို ခေါ်ယူဖို့ အတွက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က အလားအလာ အကောင်းဆုံး ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။ လာလီဂါ ကလပ် ကတော့ လက်ရှိ နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဦးဆောင်မှု အပေါ် သံသယ ရှိလာခဲ့သလို အီတလီသားကြီး ဘက်ကလည်း ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ အတည်ပြုထားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က ကာလို အန်ဆယ်လော့တီနဲ့ ၂၀၂၅-၂၆ ဘောလုံး ရာသီအကုန်ထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ အလွန်ဆိုနဲ့ အစားထိုးသွားတော့မှာလည်း ဖြစ်ပါတယ်။ အလွန်ဆို ကတော့ သူ့ရဲ့ ကစားသမား ဘဝက ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.