နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမော်ရင်ကို ကျေးဇူးတင်စကား ပြောလိုက်တဲ့ ဘာယင်ဒီရာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ အရန် ဂိုးသမား အဲလ်တေး ဘာယင်ဒီရာ ကတော့ နည်းပြ ရူဘင် အမော်ရင်ကို ကျေးဇူးတင်စကား ပြောကြားလာခဲ့ပါတယ်။ တူရကီ ဂိုးသမားက သူ့အပေါ် ယုံကြည်မှုတွေ ပေးခဲ့ပြီးတော့ အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ပွဲထွက်ခွင့် ပေးခဲ့တဲ့ အပေါ် နည်းပြ ရူဘင် အမော်ရင်ကို ကျေးဇူးတင်မိကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ အကောင်းမွန်ဆုံး ကာကွယ်မှုတွေ ပြုလုပ်ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဘာယင်ဒီရာက “ကျွန်တော်တို့တွေ ဒီပွဲကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရခဲ့လို အရမ်းကို ကောင်းမွန်တဲ့ ခံစားချက်မျိုး ရနေပါတယ်။ တကယ် ကောင်းမွန်တဲ့ အသင်းကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာ ခက်ခဲခဲ့ပေမယ့် ကျွန်တော် တို့က ပိုကောင်းခဲ့သလို ယုံကြည်မှုလည်း ရှိလာခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဒီလို လက်စွမ်းကောင်းတွေကြောင့် ဘာယင်ဒီရာ တစ်ယောက် အိုနာနာကို ကျော်ပြီးတော့ ပရီးမီးယားလိဂ် မှာရော ပွဲထွက်ခွင့် ရရှိလာတော့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ အပိုင်ကန်ချက်တွေနဲ့ ပင်နယ်တီတွေကို ကာကွယ်နိုင်ခဲ့တဲ့ ဘာယင်ဒီရာ

ဆက်လက်ပြီး “နောက်ပြီး ကျွန်တော် တို့မှာလည်း နည်းပြကောင်း တစ်ဦး ရှိနေပါတယ်။ သူက ကျွန်တော် တို့ကို ကူညီ ပေးနေပါတယ်။ ဒီပွဲမှာလည်း သူကျွန်တော့်ကို ယုံကြည်မှု ပေးခဲ့တဲ့ အတွက် သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် အရမ်းလည်း ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နေမယ် ဆိုရင် အရာရာကို လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော် ပြောနိုင်တာက ဒီနိုင်ပွဲ ကနေ ပြီးတော့ အရာရာကို စတင်နိုင်မယ် ဆိုတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် တူရကီ လက်ရွေးစင် ဂိုးသမား ဘာယင်ဒီရာဟာ ပြီးခဲ့တဲ့ ရာသီက ကမှ တူရကီ ကလပ် ဖီနာဘာချီ ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒီဂိုးသမားဟာ မနှစ်က ယူနိုက်တက် အတွက် ၁ ပွဲ တည်းသာ ကစားခဲ့ရပေမယ့် ဒီရာသီ မှာတော့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ၄ ပွဲ အထိ ကစားထားရပါတယ်။ ဒီဂိုးသမားက ပရီးမီးယားလိဂ် မှာတော့ ဒီရာသီ အတွက် လုံးဝ ပွဲထွက်ကစားခွင့် မရသေးပါဘူး။ ဒါပေမယ့် ဘာယင်ဒီရာက တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အမှားအယွင်း များစွာ ပြုလုပ်ခဲ့ပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကတော့ အမှားတွေ များထားတဲ့ ဘာယင်ဒီရာကို အာဆင်နယ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ့် အရေးကြီး ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ယုံယုံကြည်ကြည် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဘာယင်ဒီရာက အဲဒီ ပွဲစဉ်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ကာကွယ်မှုတွေ လုပ်ပြခဲ့ပေမယ့် ဘောလုံး ပေးပိုမှုတွေ ကတော့ ပရော်ဖက်ရှင်နယ် ဂိုးသမား တစ်ဦး မဟုတ်တဲ့အလား ဆိုးရွားခဲ့ပါတယ်။ ဘာယင်ဒီရာက အာဆင်နယ်ရဲ့ ပွဲချိန် အတွင်း မာတင် အိုဒီဂတ်ရဲ့ ပင်နယ်တီ ကန်သွင်းမှု အပြင် အပိုင်ကန်ချက်တွေနဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ မှာလည်း ဟာဗက်ဇ်ရဲ့ ပင်နယ်တီ ကန်သွင်းမှု ကိုလည်း ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီလို လက်စွမ်းကောင်းတွေကြောင့် ဘာယင်ဒီရာ တစ်ယောက် အိုနာနာကို ကျော်ပြီးတော့ ပရီးမီးယားလိဂ် မှာရော ပွဲထွက်ခွင့် ရရှိလာတော့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်