နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူမယ်လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဒီရာသီမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ မန်စီးတီးက အဆင့် ၇ နေရာ အထိ ရောက်ရှိနေပြီး လစ်ဗာပူးလ်နဲ့လည်း ၁၄ မှတ် အထိ ပြတ်တောက်နေခဲ့ပါပြီ။ 

ဒီအခြေအနေမှာ နည်းပြ ပပ် ဂွါဒီယိုလာက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပြီး မဖြစ်မနေလည်း ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်စီးတီးဟာ ပွဲစဉ် ၁၈ အပြီးမှာ ၈ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၆ ပွဲ အထိ ရှုံးနိမ့်ထားပြီ ဖြစ်တာကြောင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ 

မန်စီးတီး ဟာ လက်ရှိမှာ ရလဒ်ဆိုးတွေ အောက်က ရုန်းမထွက်နိုင်သေးပဲ ဒီလို အခြေအနေ ဆိုးနေခြင်းက အဓိက ကစားသမားတွေ သိသိသာသာ ခြေစွမ်းကျဆင်းနေသလို ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပပ် ဂွါဒီယိုလာက သူတို့ အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မဖြစ်မနေ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အစောပိုင်း မှာကတည်းက ဆောင်းရာသီ ဈေးကွက်မှာ ကစားသမားသစ် များစွာ ခေါ်ယူဖို့ စီစဉ်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ နည်းပြ ပပ် ဂွါဒီယိုလာ ကိုယ်တိုင် အတည်ပြုခဲ့ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် မန်စီးတီးတို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပိုမို သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခု လက်ရှိ မှာတော့ နည်းပြ ပပ် ဂွါဒီယိုလာ ကိုယ်တိုင် အတည်ပြုခဲ့ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် မန်စီးတီးတို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပိုမို သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ မန်စီးတီး

အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ပွဲမတိုင်မီ အင်တာဗျူးမှာ ပပ် ဂွါဒီယိုလာက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ “ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူပြီး အားဖြည့်သွားမှာပါ။ ဒါက အသေအချာပါပဲ။ ခံစစ်နဲ့ ကွင်းလယ်မှာ ကျွန်တော်တို့ ရုန်းကန်နေရတာကို ခင်ဗျား တို့လည်း သိပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်က လှုပ်ရှားရတာတော့ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားဖြည့်သွားချင်ပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာ ကိုလည်း စိတ်ပျက်နေပြီး ပွဲအပြီးမှာ ညည်းတွား ပြောဆိုခဲ့ပါသေးတယ်။ မန်စီးတီးရဲ့ ဒဏ်ရာရ ကစားသမား စာရင်း မှာတော့ ဂိုးသမား အီဒါဆင်၊ ကိုင်လ် ဝေါလ်ကာ၊ ဂျွန်စတုန်းစ်၊ ရူဘင် ဒီးရာ့စ်၊ ရိုဒရီ၊ မားသီးယက်စ် နူညက်စ်၊ ဂျက် ဂရီးလစ်ရှ်နဲ့ အော်စကာ ဘော့ဘ် တို့လို အဓိက ကစားသမားတွေ ပါဝင်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်