ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဂိုးမြူးနေပြီးတော့ အော့စ်ဘတ်နဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်က အာလင်း ဟာလန်းရဲ့ စံချိန်ကို ချိုးဖျက်ပြီးတော့ ဘွန်ဒက်စ်လီဂါရဲ့ သွင်းဂိုး ၅၀ အမြန်ဆုံး ပြည့်တဲ့ ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၁ မှာတော့ ဘေယန်မြူးနစ်က အော့စ်ဘတ်ကို အိမ်ကွင်းမှာ ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးတော့ ဟယ်ရီကိန်း ကလည်း ဟက်ထရစ်ရခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း ကတော့ ဒီပွဲမှာ ၆၃ မိနစ် (ပင်နယ်တီ)၊ ၉၀+၃ မိနစ် (ပယ်နယ်တီ) ၉၀+၅ မိနစ် တို့မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၄၃ ပွဲ ကစားအပြီး မှာပဲ သွင်းဂိုး ၅၀ သွင်းယူနိုင်ခဲ့ပြီး ဒေါ့မန် တိုက်စစ်မှူးဟောင်း အာလင်း ဟာလန်း (လက်ရှိ မန်စီးတီး ကစားသမား) ရဲ့ ပွဲ ၅၀ ကစား၊ ဂိုး ၅၀ သွင်းယူခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဟယ်ရီကိန်း အနေနဲ့ ဘေယန်မြူးနစ် အတွက် ရှစ်ကြိမ်မြောက် ဟက်ထရစ် (ဘွန်ဒက်စ်လီဂါ မှာ ၇ ကြိမ်၊ ချန်ပီယံလိဂ်မှာ ၁ ကြိမ်) သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းက နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၆၂ ပွဲ ကစားကာ သွင်းဂိုး အနေနဲ့ ကတော့ ၆၄ ဂိုး သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဟယ်ရီကိန်းက “သူတို့ကို ဖြိုခွဲဖို့ ခက်ခဲမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ရမယ် ဆိုတာလည်း သိပါတယ်။ ကိုယ်လုပ်စရာ ရှိတာ ကိုပဲ လုပ်ရမယ်လို့ ပထမပိုင်း အပြီးမှာ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ပယ်နယ်တီ ကနေ ကျွန်တော်တို့ အဖွင့်ဂိုး ရခဲ့ပြီး အဲဒီနောက် မှာတော့ ပွဲကို ဖြတ်ဖို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ပယ်နယ်တီ ကန်သွင်းမှု အတွက် ကျွန်တော် အလုပ်တွေ အများကြီး လုပ်ထားပါတယ်။ ဒီဂိုးတွေက ပွဲရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အဲဒီဂိုးတွေက ဒီနေ့မှာ ကျွန်တော် တို့ကို ထပ်ပြီး ကူညီပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ လေ့ကျင့်ရေး အစီအစဉ်မှာ ကျွန်တော် လွဲချော်ခဲ့တာတွေ အများကြီးပါပဲ။ ဒါပေမယ့် အခုတော့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ ဘေယန်မြူးနစ် အသင်း ကတော့ လက်ရှိ ရာသီ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၆ မှတ်ဖြတ် ဦးဆောင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီးတော့ အဲဒီ ၂ ပွဲစလုံး ကလည်း ချန်ပီယံလိဂ် မှာ ဖြစ်ပါတယ်။ ဗင်းန်ဆင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ် အသင်း ကတော့ ဘွန်ဒက်စ်လီဂါ မှာတော့ လုံးဝ ရှုံးပွဲ မရှိသေးပဲနဲ့ ၉ ပွဲနိုင်၊ ၂ ပွဲ သရေ ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကောင်းတွေကြောင့် ဆုဖလား ကျိန်စာသင့်နေတဲ့ ဟယ်ရီကိန်း တစ်ယောက် အတိတ်ဆိုးတွေကို ချေဖျက်နိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.