ပပ် ကမ္ဘာ့ဘောလုံးလောကမှာ နောက်ဆုံး ၁၀ နှစ် အတွင်း အပြောင်းအရွှေ့ အသုံးစရိတ် အများဆုံး အဖြစ် ပရီးမီးယားလိဂ်က ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ ပရီးမီးယားလိဂ်ရဲ့ အနောက် ဒုတိယနေရာ မှာတော့ ဆော်ဒီပရိုလိဂ်က ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဒီအသုံးစရိတ် စာရင်း ကိုတော့ နာမည်ကျော် ဘောလုံးသုတေသနအဖွဲ CIES က တွက်ချက်ကာ ထုတ်ပြန် ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။ CIES က ၂၀၁၅ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ ၁၀ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ်ဟာ ကစားသမား ခေါ်ယူမှု အတွက် စုစုပေါင်း ယူရို ၁၁.၆ ဘီလီယံ အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကတော့ ယူရို ၁.၈ ဘီလီယံ အထိ သုံးစွဲခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ တတိယ နေရာ မှာတော့ စီးရီးအေ က ယူရို ၁.၅ ဘီလီယံနဲ့ ရပ်တည်နေခဲ့ပြီးတော့ စတုတ္ထ နေရာ မှာတော့ တရုတ် စူပါလိဂ်က ယူရို ၁.၄ ဘီလီယံနဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ အတွက် ငွေကြေးသုံးစွဲမှု အများဆုံး လိဂ် ၁၀ ခုထဲမှာ ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲက လိဂ် ၄ ခု ပါဝင်ခဲ့ပြီး လီဂူးဝမ်း ကတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ နောက်ထပ် နာမည်ကျော် လိဂ် တစ်ခု ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ လာလီဂါ ကတော့ ယူရို ၀.၈ ဘီလီယံနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဘွန်ဒက်စ်လီဂါ ကတော့ ယူရို ၀.၆ ဘီလီယံနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
နောက်ဆုံး ၁၀ နှစ် အတွင်း ကစားသမား အပြောင်းအရွှေ့ ကနေ ငွေကြေး အကျိုးအမြတ် အများဆုံး ရရှိခဲ့တဲ့ လိဂ် အဖြစ် ပေါ်တူဂီ ပရီးမီးယားလီဂါက ဦးဆောင်ခဲ့ပြီး ယူရို ၂.၃၉ ဘီလီယံ အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယနေရာ မှာတော့ ဘရာဇီးလ် စီးရီးအေနဲ့ နယ်သာလန် လိဂ် တို့က ယူရို ၁.၄၉ ဘီလီယံစီနဲ့ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် ချန်ပီယံရှစ်ဟာ အဲ့အားသင့်စရာပဲ ယူရို ၁.၄၈ ဘီလီယံနဲ့ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဒုတိယတန်း အမှတ်ပေးလိဂ် ပြိုင်ပွဲတွေထဲမှာ အကျိုးအမြတ် အများဆုံး ရရှိတဲ့ လိဂ် အဖြစ်လည်း ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ထူးခြားချက်က ပြင်သစ် လီဂူးဝမ်း ကတော့ ငွေသုံး အများဆုံး လိဂ် ၁၀ ခု စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပေမယ့်လည်း ပြင်သစ် ဒုတိယတန်း လိဂ် ဖြစ်တဲ့ လီဂူး ၂ ကတော့ ငွေကြေး အကျိုးအမြတ် အများဆုံး ရရှိတဲ့ လိဂ် ၁၀ ခု စာရင်းမှာ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.