နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒို အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်း ယူနိုက်တက်ကို ပြန်လာနိုင်ဖွယ် ရှိနေကြောင်း လူးဝစ္စ ဆာဟာက သုံးသပ် ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အခုရာသီအကုန်မှာ လက်ရှိ ကလပ် အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေ အရ ဆိုရင် အဲလ်နာဆာရဲ့ ဆော်ဒီပရိုလိဂ် ပြိုင်ဘက် ကလပ် အဲလ်ဟီလာ ကလည်း နေမာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ခေါ်ယူလိုနေကြောင်းလည်း သိရပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ အသက် ၄၀ ပြည့်မှာ ဖြစ်ပေမယ့်လည်း ကစားသမား ဘဝ ကနေ အနားယူလိုခြင်း မရှိသေးဘဲ နောက်ထပ် နှစ် အနည်းငယ် ထပ်မံ ကစားလိုနေသေးတာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ ဆိုရင် အသက်အရွယ် အားဖြင့် နေဝင်ချိန်ကို ကျော်နေပေမယ့်လည်း ကလပ်နဲ့ နိုင်ငံ အသင်းတွေ အတွက် ဂိုးတွေ သွင်းယူနိုင်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အများစုက ရော်နယ်ဒို အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်ဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ စီရော်နယ်ဒို ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ၂၀၀၃ ခုနှစ် ကနေ ၂၀၀၉ ခုနှစ် အထိနဲ့ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၂ ခုနှစ် အထိ ၂ ကြိမ်တိုင်တိုင် ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ပထမဆုံး အကြိမ် ကစားရာမှာ ကစားသမား ဘဝရဲ့ ပထမဦးဆုံး ဘယ်လွန်ဒေါဆုကို ရယူနိုင်ခဲ့ပြီးတော့ ဒုတိယ အကြိမ် မှာတော့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ အဆင်မပြေခဲ့တာကြောင့် အသင်း ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်တဲ့ ရူဘင် အာမိုရင်မ်က ယူနိုက်တက်ကို ကိုင်တွယ်နေတာကြောင့် အမော်ရင်သာ လိုအပ်ရင်တော့ စီရော်နယ်ဒို အနေနဲ့ ယူနိုက်တက်ကို ပြန်လာဖွယ် ရှိကြောင်း ဆာဟာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လူးဝစ္စ ဆာဟာက “စီရော်နယ်လ်ဒို အနေနဲ့ လေးစားလောက်တဲ့ ကမ်းလှမ်းခံရရင် ယူနိုက်တက်ကို ပြန်လာမယ်လို့ ထင်ပါတယ်။ သူက အမော်ရင်နဲ့ အရမ်းကို ရင်းနှီးသူပါ။ အမော်ရင် အနေနဲ့ သူငယ်ချင်း ဖြစ်ရုံနဲ့ စီရော်နယ်လ်ဒိုကို ခေါ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စီရော်နယ်လ်ဒိုက ကူညီနိုင်တယ်လို့ ထင်ရင် သူခေါ်ပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ စိန်ခေါ်မှုကို ကြိုက်တဲ့ စီရော်နယ်ဒို ကျိန်းသေပေါက် ပြန်လာမယ်လို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.